dancing baby,  Image Hosting

Thursday, July 24, 2008

င်္ကောင်းကင်သို့တိုင်တည်ခြင်း

ချစ်သူ......
မင်းကိုချစ်တဲ့ကိုယ့်အချစ်တွေက
(မင်းအတွက်)အဆိပ်တွေအပြည့်နဲ့
ပန်းသီးတစ်လုံးဖြစ်နေလား?
ချစ်တတ်လွန်းတဲ့ငါ့ကြောင့်
(မင်းအတွက်)စိတ်ရှုတ်စရာတွေဖြစ်နေလား?
ဝေခွဲမရခြင်းများနဲ့
မိုးလင်းခဲ့ရတဲ့ညတွေလည်း
များလှပါပြီ.........
ချစ်သူ..........
မင်းကိုပေးတဲ့ကိုယ့်အချစ်တွေက
အပြစ်တွေလား?
အစစ်တွေလား?
ကြည်နူးစရာတွေလား?
စိတ်ရှုတ်စရာတွေလား?
လားပေါင်းများစွာနဲ့စီးချင်းထိုးရင်း
ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့
နေ့တွေကလည်း အသင်္ချေပါပဲ.....
ကောင်းကင်ကြီးရေ.......
တကယ်လို့သာခင်ဗျားက
ကျွန်တော့်ကိုနားလည်နိုင်မယ်ဆိုရင်လေ
ခင်ဗျားကိုတိုင်တည်ပြီး ပြောလိုက်ချင်တယ်
"ကျွန်တော့်ကို အဖြေရှာပေးပါ"လို့ ။ ။

No comments: