dancing baby,  Image Hosting

Wednesday, July 23, 2008

သူငယ်ချင်းအတွက်

လမ်းထိပ်က အောင်နက်တို့ မိကျားတို့ အုပ်စုရဲ့ ဟောင်သံကိုကြားလိုက်ရကတည်းက သူမူးပြီးပြန်လာပြီဟု အတတ်သိလိုက်သည်၊ ကြားလိုက်ရသော နောက်ဆက်တွဲ အသံများက ထင်မြင်ချက်ကို ပိုမိုခိုင်မာသွားစေသည်။သိုင်းကွက်နင်းလာသော သူမ၏ခြေလှမ်းများမှာ အိမ်အ၀င်လမ်းမတွင်ခင်းထားသော အုတ်ခဲကျိုးလေးပေါ်တက်နင်းမိရင်းလဲပြိုသွားလေသည်။
သူစားဖို့အတွက် ထမင်းပွဲပြင်နေစဉ် သူမကတော့ သမီးလေးနှင့်ဆော့နေလေသည်။သူမ မူးလာလျင် ကျွှန်တော့်ကိုသာရန်လုပ်သည်၊သူမ သမီးနှင့်သားကိုတော့ အလွန်ချစ်ရှာလေသည်။သူမမှာပြောစရာဆို၍ အရက်ကိုနှစ်ချိုက်ခုံမင်စွာသောက်ခြင်းသာရှိသည်။ထမင်းပွဲပြင်ရင်း သူမနှင့်ညားကာစရက်တွေကို လွမ်းဆွတ်မိလေသည်။ထိုစဉ်က အရက်သောက်တတ်မှန်းသိသော်လည်း မူးလာရင်သွေးဆိုးမှန်းမသိသေးပေ။နောက်တော့လည်း .......
သမီးကို စနေရင်းမှ ယိုင်ထိုး ယိုင်ထိုး နှင့်ထလာကာ ထမင်းပွဲကိုကြည့်ရင်း .............
ကျွှန်တော့်ရဲ့ သီးခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားလေပြီ။
သားနှင့်သမီး အတွက် လိုအပ်တာတွေထည့်ကာအိမ်ပေါ်မှဆင်းလာသည့်အချိန်က ည ၁၂း၀၀ နာရီကျော်နေပြီ၊
သူမကို ကြည့်လိုက်တော တခူးခူးနှင့်အိပ်ပျော်နေလေပြီ။
x x x x
အော် အမေတို့ကိုစိတ်ညစ်အောင်လုပ်မိပြန်ပြီ။
အိပ်ယာပေါ်မှာလှဲနေပေမဲ့ သူမအကြောင်းပဲစဉ်းစားနေမိသည်။သမီလေးကတော့ ဘေးမှာနှစ်ချိုက်စွာအိပ်မောကျနေလေရဲ့။သူမအကြောင်းစဉ်းစားရင်း မိုးလင်းခါနီး မှအိပ်ပျော်သွားသည်။
x x x x x x x x x
အိပ်ရာမှ နိုးလာတော့ အတော်ပင်နေမြင့်နေလေပြီ။သမီးလေးက အခန်းထဲဝင်လာပြီး
ကမန်းကတန်းအောက်ကိုဆင်းကြည့်တော့ ဧည့်ခန်းထဲမှာ အမေနှင့်အတူ မျက်နှာငယ်လေးနှင့် ထိုင်နေသော သူမကိုတွေ့လိုက်ရသည်။
ကလေးတယောက်လိုပျော်မြူးနေသော သူမကိုကြည့်ကာ......
အော် ခုတော့လည်းသူမဟုတ်သလိုပါပဲလား.........
ဒီလိုပါပဲ ဘ၀ဆိုတာ တခါတလေတော့လဲ ပျော်ရွှင်ရတာရှိသလို ၀မ်းနည်းစရာ၊စိတ်ညစ်စရာတွေကိုလဲ လက်ခံနိုင်ရမှာပေါ့၊ဒါမှ ဘ၀ ဆိုတာပီသတော့မှာပေါ့....................
ကျွှန်တော်ခွင့်လွှတ်လိုက်ပါတယ်.....သူမကို...................................................
ကျွှန်တော် ပြန်လိုက်သွားလိုက်ဦးမယ်နော်..... :P

No comments: