dancing baby,  Image Hosting

Monday, September 15, 2008

...အိပ်မက်ယောင်တဲ့..မိုးပြေး...

...အိပ်မက်ယောင်တဲ့..မိုးပြေး...
မင်းမျက်နှာဝိုင်းဝိုင်းလေး...
ငါသတိရနေသေးတယ်...
မင်းနာမည်လေး...
ယောင်ယောင်ခေါ်မိလွန်းလို့..
ငါ့လည်ချောင်းတွေတောင်နာနေပြီ...
ပြတင်းပေါက်မှန်တွေမှာလည်း...
မင်းပုံရိပ်တွေ...ထင်ကျန်နေသေးတယ်...
မင်းလည်းပြန်မလားသေးဘူးနော်...
ငါ့တမ်းတခြင်းတွေလည်း...
ဘယ်တော့မှ...အဆုံးသတ်မှာလဲမသိနိုင်တော့ပါဘူး...
မင်းလက်နဲ့အသက်သွင်းခဲ့တဲ့..မိုးစက်တွေကလည်း..
အဝေးကိုထွက်ပြေးသွားပြီ...
အခုတော့...ငါတစ်ယောက်ထဲ...
အိပ်မက်တွေကနေ..ဘယ်အချိန်မှနိုးမယ်မှန်းလဲမသိဘူး...
အလွမ်းတွေ..တစ်ပွေ့တစ်ပိုက်ကြီးနဲ့...
အိမ်အပြန်လမ်းမှာလဲ...
ငါချစ်တဲ့...မိုးပြေးလေးလည်းမရှိတော့ပါဘူး...
သူလည်း...မင်းနဲ့အတူတူ..အဝေးကို..အဝေးကို..
ထွက်ပြေးသွားခဲ့ပြီ....

Saturday, August 30, 2008

မျက်ရည်အိုင်သောနေ့ (အာဇာနည်နေ့ သို့)

၁)နီတျာတျာလျှင်......သွေးဖြာလွှမ်းရစ် ၊ သမိုင်းသစ်လော့။(၂)မိုးပြာပြာတွင်....တိမ်လွှာဖယ်ပစ်၊ သင်တိုင်းလှစ်လော့။(၃)လွမ်းဗျာပါလျှင် .....မျက်နှာမှိုင်းညို ၊ ပါးမို့မို့နှင့်သျှင်တို့ေ နပြည် ၊ လွမ်းမောစည်စွကြုံလည်းနှောင်းခေတ် ၊ လွမ်းလှိုင်းနစ်လော့။(၄)ညစ်မှောင် မှုန်လွှမ်း၊ မိုးပြည့်ပြွမ်းသည်ယမ်းငွေ့နှင့်ယှက် ၊ တိမ်ညိုခက်တို့ထက်သက်စုန်ဆန် ၊ လူးလာပြန်အော င်ဒေါမာန်ရိုက်ခတ်၊ ဟူးဟူးလွှတ်၍သူသတ်သမား၊ ညစ်ထွားထွားတို့မျိုးသားထွတ်ခေါင် ၊ ပြည့်ခေါင်းဆောင်ကိုလူ့ဘောင်ခ မ်းဝါ ၊ သိမ့်သိမ့် ခါမျှပစ်လှာမစဲ ၊ ကျည်ဆန်ဝဲ သော်သေပွဲသေပန်းပွင့်သတည်း။(၅)မြို့နှင့် ရွာဆက်၊ အုန်းအုန်းကျွက်တည့်ပွက်ပွက်ထ န်ထန်၊အော်ဟစ်ပြန်ရင်းဗြောင်းဆန်ကြေကွဲ၊ငိုသည့်ပွဲတည့်ကျိုးကျဲဆံဖြူ၊ နားအူအူနှင့်ဖျင်ထူလက် လျှို၊ အမေအိုလည်းငို၍မဆုံး၊ခါးကုန်းကုန်းနှင့်တောလုံးဆူညံ၊လေ၀ယ်ပျံခဲ့။(၆)တောင်သူယာလုပ်၊ ဓားမခုတ်နှင့် ပုတ်ပြတ်ေ န့စား ၊ လယ်သမားတို့ယောက်ျားဂုဏ်ရည်၊ တန့်မဆည်နိုင်မကြည်မသက်၊ မျက်ရည်စက်ဖြင့် လက်ခမောင်းခတ်၊ ပြေးသွားလတ်၏ထေရ်မြတ်စံပျော်၊ရွာကျောင်းတော်သို့ဟစ်အော်သံဝါတို့၊ ငိုသံပါနှ င့်လျှောက်ရှာသည်ကား “ဘုန်းဘုရား”........။(၇)“လွတ်လပ်ရေးအတွက်၊ မျိုးမာန်တက်စွပြည်သက်အားထား၊ ရွှေတောင်လားသို့မားမားခံ့ခံ့၊ သတ္တိဟန့်နှင့်မဆန့်ဂုဏ်အင်၊ပြည့်စုံလ င်သောပြည်တွင်ကဲလုပ်၊ လွန်ကြိုးကုပ်သူဗိုလ်ချုပ်အောင်ဆန်း၊စည်းဝေးခန်းတွင်ယုတ်ကန်းဆိုးဝါး၊သူသတ်များသို့ကျည်းအားသွန်မွှေ့၊ လုပ်ကြံရွေ့ကြောင့်ရင်ပွေ့ယိုင်လဲ၊ သွေးအိုင်ထဲဝယ်ပြိုကွဲနားညည်း၊ ပွဲချင်းပြီးပင်ဝန်ကြီးများနှင့် ၊သေပန်းပွင့်ပေါ့”ရင်နင့်ဗျာ ဝေ၊တင်လျှောက် လေသော်ထေရ်ဝါမြတ်လည်း၊တက်ခေါက်ကျည်းဘိ။(ဃသသူကြုံသည့်ြ ဖစ်အင်၊မပြောချင် တော့မြေပြင်တု န်လျက်၊ငိုသံအက်နှင့်ဆက်ငိုရင်းသာ ၊ငိုကြပါခဲ့ တစ်ခါတစ်ေ ခတ်၊သမိုင်းသစ်လွင်ဖြစ်တောင့် ဖြစ်ခဲ၊မကြုံရဲတော့ရှောင်လွှဲနိုင်က၊သြော်.... .ကောင်းစွရှင့်။(၉)ညအိမ်မက်ဆိုး၊ လက်တွေ့တိုးသို့ညှိုးငယ်မျက်နှာ၊ မသာယာကြကြမ္မာဖိစီး၊ ရှားမီးကျီးဝယ်ရင်လှီးဖောက်ဖြတ်၊ ၀ါးညှပ်ပိတ်ေ သာသည်းပွတ်နှလုံး၊မီးကင်အုံးသို့ယူကျုံးမနိုင်၊ သောကလှိုင် စွရင်ဆိုင်တူရူ၊အောင်ပွဲယူသောရန်သူအို.. ....သေမင်း၊ စစ်မခင်းရလေလူချင်းဖြစ်က၊ ယှဉ်ပြိုင်ကြအံ့စိတ်မှခဲခဲ၊ အံကြိတ်မဲရင်းပုလဲတစ်လုံး၊ရွဲတစ်လုံးပင်သွေးဖုံးမျက်ရည်၊ စီးရစ်လည်သော်ဇာနည်မော် ကွန်း၊ ညစ်ထပ်စွန်းဘိဥဒါန်းကမ္ဘာ မကြေသာတကား။ ။

ဆက်ချစ်မယ့်သူ

ချစ်သူမင်းနဲ့တွေ့တွေ့ချင်းမှာပဲအချစ်ကိုစတွေ့တယ်လို့တော့ မလိမ်ညာပါဘူး ။မင်းနဲ့ဝေးမှတစ်ခါမှမလိုချင်ဖူးတဲ့အမုန်းဆုံးအရာဖြစ်တဲ့အလွမ်းတွေကိုမင်းအတွက်နဲ့ဖက်တွယ်မိတော့မှပဲမင်းကိုချစ်မိမှန်းသိခဲ့တာပါ ။တမ်းတတယ်ဆိုတဲ့စာသားတွေကငါ့ဒိုင်ယာရီမှာ
မင်းနာမည်တွေခေါင်းစဉ်တပ်ပြီးနေရာတွေထပ်နေပြီ ။မင်းနဲ့ငါလက်မတွဲပဲ လမ်းတွေကို တူတူလျှောက်ဖူးတယ် ။တိုင်ပင်မထားပဲသီချင်းတွေကို တူတူဆိုဖူးတယ် ။ဘာမှမပြောပဲနဲ့အူလှိုက်သဲလှိုက် ထိုင်ရယ်ဖူးတယ်။အကြောင်းမကြားပဲ နင်ရောက်လာပြီးမနှုတ်ဆက်ပဲ နင်ထွက်သွားတော့အမှတ်တမဲ့တွေကအမှတ်တရတွေ ဖြစ်ရပြီပေါ့။နင်ရောက်လာတာ တစ်ခဏပါငါလွမ်းနေတာ တစ်ဘ၀အတွက်ဆိုတော့လည်းပြန်လာနိုင်ခွင့်မရှိတဲ့နင့်ကိုပြန်လာပါလို့မတောင်းဆိုပါဘူးအဝေးထွက်သွားဖို့ ကြိုးစားနေတဲ့ငါကိုလည်းနီးနီးလေးမှာနေပေးဖို့ မတောင်းဆိုပါနဲ့နော်။ဘ၀ခရီးအတွက်ကြိုးစားနေရင်းဝေးရမှာမို့ မုန်းလိုက်ပါတော့လို့ မပြောရက်တော့လည်းငါ့ကိုယုံကြည်မှုလေး တစ်ခုနဲ့ ဆက်ချစ်နေပေးပါ၊တကယ်တော့မင်းကငါ့ရဲ့ထာဝရမဆုံနိုင်တဲ့မျဉ်းပြိုင်ကလေးတစ်ကြောင်းဖြစ်ခဲ့မယ်ဆိုရင်တောင်ငါကဆက်ချစ်နေဦးမှာပါ။......................ချစ်သောသူသိနိုင်ပါစေ။

Tuesday, August 19, 2008

မ မရှိလို့မဖြစ်နိုင်

ငလျင်လှိုင်းထ ခဲကျရေပြင် မောင့်သဲပြင်မှာ မညိမ်မသက် ငိုကြွေးလျှက်က သိမ့်သိမ့်ရှိုက်သံ ညိမ်သက်ရန်မှာ ခက်ခဲလေတယ် ..... မရယ် တကယ်ဆိုမေကမရ တမ်းတလျှက်က မရယ်သံကြား မောင့်နှလုံးသားက လိမ့်ကာပြုတ်ကျ .. မမ ... မမ ခေါ်၍နေတုန်း ချစ်ပါဦးလား ...... မရယ် အခုတော့ဖြစ်လေ အချစ်ဆုံးမက ချစ်သူကောက်ရ သိပ်ချစ်သမျှပြောပြလာမှ နှလုံးသားကြွေမြွ မခြေရင်းမှ ချစ်တယ်အော်ရင်း သေးဆုံးခြင်းက ပျက်သုန်းရွင်းတိုင် ချစ်နေဦးမယ် .......... မမရယ်

........သူငယ်ချင်းပြောတဲ့ အဖြူရောင်သံရောစဉ်........

......."သူငယ်ချင်းပြောတဲ့...အဖြူရောင်သံစဉ်".........
ငါတစ်ယောက်ထဲ...အခန်းကျဉ်းလေးထဲမှာပေါ့......
နှလုံးသားရဲ့ကွဲအက်သံတွေကို...........
အချစ်ရဲ့....ကာရံတွေနဲ့ပေါင်းစပ်ပြီး.....
မင်းအပြုံးလေးကိုမေ့ပစ်ဖို့ကြိုးစားနေတယ်....
အဲဒီနေ့က...မထင်မှတ်ခဲ့ပါဘူး...........
ငါ့ခြေလှမ်းတွေသေဆုံး............
နှလုံးသားတွေကြွေလွင့်ခဲ့မယ်ဆိုတာကိုပေါ့.....
ငါလေ.....မျှော်လင့်ချက်တွေကို...အရှိန်တင်....
ငါစိတ်တွေကိုအားကုန်ရွက်လွှင့်လို့........
နှုတ်ခမ်းပါးလေးရှိရာဆီကို...ငါအိပ်မက်မက်ခဲ့တယ်....
တွေးမထားခဲ့မိပါဘူး......
ငါ့အိပ်မက်တွေပျောက်ဆုံး....
မျှော်လင့်ချက်တွေ..ဆိတ်သုဉ်းသွားမှာကို...
ငါမစဉ်းစားခဲ့မိပါဘူး....
မင်းအပြုံးလေးရဲ့နောာက်ကွယ်က...ငါ့မျက်ဝန်း...
ရိုးသားမှုတွေ...ကင်းမဲ့လို့....
ငါ့စိတ်တွေကလည်း...မင်းရဲ့စကားလုံးတွေကြားမှာ...
မျောလွင့်နေကြတယ်.....
သူငယ်ချင်းရယ်......ငါလေ....ငါပြောမထွက်တော့ဘူး.........
ငါ့ရဲ့အချစ်တွေ....မင်းရဲ့နှုတ်ခမ်းပါးလေးကိုမကျော်လွှားနိုင်တော့ဘူး......
ငါ့ရဲ့ကြင်နာမှုတွေ...မင်းရဲ့နှလုံးသားကိုအရောင်မဆိုးရက်တော့ပါဘူး....
တိတ်တခိုးချစ်နေတဲ့ငါ...
ဟန်ဆောင်မှုတွေရဲ့...ထိုးနှက်ချက်တွေကို..ခံယူပြီး..
အရိပ်အလေးအဖြစ်နဲ့....မင်းအပါးမှာ..ခိုလှုံခွင့်ပေးပါကွာ....
သူငယ်ချင်းရယ်....ငါလေ...မင်းကိုငါချစ်တယ်...
မင်းကိုငါအရမ်းချစ်ခဲ့တယ်........
မင်းမျက်ဝန်းလေးမှာ....ပိုင်ရှင်ရှိခဲ့တယ်ဆိုရင်တောင်
ငါကျေနပ်မှုတွေနဲ့အားတင်းပြီးငါပြုံးနေပါ့မယ်....
ဒါပေမယ့်....သူငယ်ချင်းရယ်....
ငါနှလုံးသားလေးထဲက.....မင်းအပြုံးလေးကိုတော့...
ပြန်ယူမသွားပါနဲ့ကွာ..........
မင်းအပြုံးလေးနဲ့အသက်ဆက်...
မင်းနှုတ်ခမ်းပါးလေးနဲ့....ပျော်နေတတ်တဲ့ငါ့ကို....
ကိုယ်ချင်းစာပေးပါဦး....
အခုတော့...မင်းမသိအောင်ရေးခဲ့တဲ့.....
ငါ့ရဲ့ကဗျာစာသားတွေလည်း....
အရောင်တွေမှေးမှိန်လို့.....
စာရွက်အဖြူလေးကလည်း.....ငါ့ကိုပြောနေပြီ...
"တော်ပါတော့ကွာ...မရေးပါနဲ့တော့....
နာကျင်မှုတွေကို.....မျက်ရည်နဲ့အရောင်တင်ပြီး....
ရေးထားတဲ့...မင်းရဲ့ကဗျာစားသားတွေကို....
ငါလက်မခံနိုင်တော့လို့ပါ....."တဲ့...
ငါ့ရဲ့နာကျင်မှုတွေနဲ့....၀မ်းနည်းမှုတွေကို...
စာရွက်အဖြူလေးက....အသိဆုံးပါ...
မင်းကတော့...သိခဲ့မယ်မထင်ဘူး.....
မင်းသိခဲ့ရင်..... မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေးအစိမ်းရောင်သမ်းလို့....
ဖြူစင်လွန်းတဲ့မင်းအပြုံးလေး...
ရက်စက်တတ်သွားမှာကို....ငါစိုးရိမ်လို့ပါ....
ငါလေ...အိပ်မက်ထဲမှာလဲ....
ငိုရှိုက်နေတဲ့နှလုံးသားကိုဖေးမလို့....
ကျရှုံးခြင်းဆိုတဲ့..ပုံရိပ်ဆိုးတွေရှေ့မှာ....
ဒူးထောက်နေရတယ်.......
သူငယ်ချင်းရယ်........
မင်းကို...ငါဘယ်လောက်ထိချစ်ခဲ့တယ်ဆိုတာ..
ငါအသိဆုံးပါ.....
ငါ့မျက်ရည်တွေလည်းခန်းခြောက်နေပြီ...
အသက်ငွေ့ငွေ့သာကျန်တော့တဲ့....ငါ့နှလုံးသား..
မင်းပြောပြတဲ့....အဖြူရောင်သံစဉ်လေး....
ပျောက်ကွယ်မသွားအောင်...
မင်းမမြင်နိုင်တဲ့နေရာကပဲ....
တစ်သက်လုံးငါချစ်နေတော့မယ်.....သူငယ်ချင်းရယ်..........

Wednesday, August 13, 2008

ချစ်ရသော ညီအစ်ကိုမောင်နှမများသို့

ပိုးကောင်နဲ့စုဘူးကသူငယ်ချင်းတွေအကြောင်းလေးကို မပြောခင် ပိုးကောင်ရဲ့ဘ၀ကိုအရင်ပြောပြချင်ပါတယ် ပိုးကောင်က မောင်နှမသားချင်းတွေထဲမှာအကြီးဆုံးသား… နှစ်ဘက်သော ဘိုးဘိုး.ဘွားဘွားတို့ရဲ့ မြေးဦး… ဖေဖေနဲ့မေမေ နှစ်ဘက်စလုံးမှာတစ်ဦးတည်းသောသားယောက်ျားလေး… တစ်ယောက်တည်းရှားရှားပါးပါးယောက်ျားလေးပါတယ်ဆိုပေမယ့် အလိုလိုက်ခြင်းကို လုံးဝမခံခဲ့ရဘူး… အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ချုပ်ချယ်မှုတွေကို အရမ်းခံခဲ့ရတယ်… တိုင်ပင်ဖော်ညီအစ်ကို ဆိုတာလုံးဝမရှိခဲ့ဘူး… သူများတွေ ညီလေးတွေနဲ့လမ်းလျှောက်ထွက်ရင်… သူတို့အစ်ကိုတွေက ဖေးမရင် အရမ်းကိုအားကျခဲ့တယ်… အခုတော့ ဘာညီအစ်ကိုမှမလိုတော့ဘူး… ပိုးကောင်ဘ၀မှာ စုဘူးကမောင်နှမတွေရခဲ့ပြီ… သူတို့က အရမ်းကိုခင်ဖို့ကောင်းသလို တကယ့်ကို ညီလေးတစ်ယောက်. မောင်လေးတစ်ယောက်လို ဆက်ဆံပေးခဲ့တယ်… အရမ်းပျော်မိသလို… ခင်ပေးခဲ့တယ် အစ်ကိုအစ်မတွေကိုလည်းအရမ်းကိုကျေးဇူးတင်ခဲ့တယ်… တကယ်ပါ… ပေါက်ကရတွေအရမ်းပြောတဲ့ ၀ါဝါ (သူရဿဝါ). တစ်ခါတည်းပါဆိုတဲ့ စိုးမိုး (ဆိုလ်းဒေ၀ဒတ်). ငှက်ပျောတုံးဖက်ပြီးလွမ်းနေတတ်တဲ့ ၀ိုင်. ညီလေးတစ်ယောက်လို အလိုလိုက်တဲ့ ကိုကြီးဇော်ဝင်းမြတ်. အပြုံးလေးနဲ့ဆုံးမတတ်တဲ့ ကိုလူလိန်. ကွန်ပျူတာနဲ့ပက်သက်ပြီး လမ်းပြပေးတဲ့ ကိုရွှေဘုန်းလူ. သားရယ်လို့ခေါ်တတ်တဲ့ ကိုဒီမွန် (ဒီဒီ). ကောင်မလို့ ခေါ်ခေါ်နေတဲ့ ကိုအောက်ဆီ (အလွမ်းမျက်ရည်). မောင်လေးတစ်ယောက်လို ဂရုစိုက်တတ်တဲ့ မငယ်. သူငယ်ချင်းတွေဆုံတိုင်း အိမ်ကိုအတင်းပြန်ချင်တဲ့ ဆာမူရိုင်း. စကားပြောရင် ညစ်ကပ်ကပ်နိုင်တဲ့ သံယောဇဉ်. လူနဲ့မုန့်အတူတူလာရင် မုန့်ကိုအရင်နှုတ်ဆက်တဲ့ မိုးပြေး. အင်တာနက်အလကားပေးသုံးတဲ့ မမီးမီး. နဲ့ အခြားသောသူငယ်ချင်းများကို အရမ်းကျေးဇူးတင်ခဲ့တယ်… ဒီလူတွေနဲ့တွေမှ ပိုးကောင်ဘ၀မှာ အသက် (20) ရောက်တော့မှ ပထမဆုံး New Year ဆိုတာကို ကြုံတွေ့ခဲ့ရတယ်… ပျော်စရာဆိုတာတွေကို လက်တွေ့ခံစားမိခဲ့တယ်… အိမ်ကလည်း စုဘူးက အစ်ကိုအစ်မတွေနဲ့ဆိုရင် စိတ်ချတယ်… ညဘက်တွေဘာတွေတောင် စုဘူးကလူတွေနဲ့ဆို ပေးထွက်တယ်… ဖြစ်နိုင်မယ်ဆိုရင် ဒီလိုပျော်ရွှင်မှုလေးတွေကို တစ်သက်လုံးသိမ်းထားချင်တယ်… စုဘူးက အစ်ကိုအစ်မတွေနဲ့ အမြဲချစ်ချစ်ခင်ခင်နေချင်ပါတယ်…

Monday, July 28, 2008

သူငယ်ချင်းအတွက်

ပျော်ရွင်မူ့တွေ ခံစားနိုင်ပါစေ ကိုယ်ပြုတဲ့ကံကြောင့် အားလုံးအပေါ်မှာ မေတ္တာထားနိုင်အောင်ကြိုးစားပါ သူငယ်ချင်း..... မင်းအမှားတွေကြောင့် မင်းလိုချင်ခဲ့တဲ့..... အားလုံးစီက ... အပြုံးလေးတွေကိုမင်းမပိုင်ဆိုင်လိုက်ရဘူးနော် မင်းအမှားတွေကမင်းကိုဒဏ်ခတ်လိုက်တာပါ မင်းအမှားရှိရင်မမှန်ဆိုတာရှိပါတယ် ကြိုးစားပေါ့ကွ.... အားလုံးဟာကိုယ်ဘ၀ကိုရပ်တည်ဖို့ပေါ့ မင်းအတွက်လိုချင်တဲ့အချိန်မှာ ငါတို့ကိုတောင်းတလိုက်ပါ... လူမရောက်နိုင်ရင်တောင်မှ... ငါစိတ်ကနေမင်းကိုနှစ်သိမ့်နေမှာပါ သူငယ်ချင်းရယ်.........................