dancing baby,  Image Hosting

Wednesday, August 13, 2008

ချစ်ရသော ညီအစ်ကိုမောင်နှမများသို့

ပိုးကောင်နဲ့စုဘူးကသူငယ်ချင်းတွေအကြောင်းလေးကို မပြောခင် ပိုးကောင်ရဲ့ဘ၀ကိုအရင်ပြောပြချင်ပါတယ် ပိုးကောင်က မောင်နှမသားချင်းတွေထဲမှာအကြီးဆုံးသား… နှစ်ဘက်သော ဘိုးဘိုး.ဘွားဘွားတို့ရဲ့ မြေးဦး… ဖေဖေနဲ့မေမေ နှစ်ဘက်စလုံးမှာတစ်ဦးတည်းသောသားယောက်ျားလေး… တစ်ယောက်တည်းရှားရှားပါးပါးယောက်ျားလေးပါတယ်ဆိုပေမယ့် အလိုလိုက်ခြင်းကို လုံးဝမခံခဲ့ရဘူး… အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ချုပ်ချယ်မှုတွေကို အရမ်းခံခဲ့ရတယ်… တိုင်ပင်ဖော်ညီအစ်ကို ဆိုတာလုံးဝမရှိခဲ့ဘူး… သူများတွေ ညီလေးတွေနဲ့လမ်းလျှောက်ထွက်ရင်… သူတို့အစ်ကိုတွေက ဖေးမရင် အရမ်းကိုအားကျခဲ့တယ်… အခုတော့ ဘာညီအစ်ကိုမှမလိုတော့ဘူး… ပိုးကောင်ဘ၀မှာ စုဘူးကမောင်နှမတွေရခဲ့ပြီ… သူတို့က အရမ်းကိုခင်ဖို့ကောင်းသလို တကယ့်ကို ညီလေးတစ်ယောက်. မောင်လေးတစ်ယောက်လို ဆက်ဆံပေးခဲ့တယ်… အရမ်းပျော်မိသလို… ခင်ပေးခဲ့တယ် အစ်ကိုအစ်မတွေကိုလည်းအရမ်းကိုကျေးဇူးတင်ခဲ့တယ်… တကယ်ပါ… ပေါက်ကရတွေအရမ်းပြောတဲ့ ၀ါဝါ (သူရဿဝါ). တစ်ခါတည်းပါဆိုတဲ့ စိုးမိုး (ဆိုလ်းဒေ၀ဒတ်). ငှက်ပျောတုံးဖက်ပြီးလွမ်းနေတတ်တဲ့ ၀ိုင်. ညီလေးတစ်ယောက်လို အလိုလိုက်တဲ့ ကိုကြီးဇော်ဝင်းမြတ်. အပြုံးလေးနဲ့ဆုံးမတတ်တဲ့ ကိုလူလိန်. ကွန်ပျူတာနဲ့ပက်သက်ပြီး လမ်းပြပေးတဲ့ ကိုရွှေဘုန်းလူ. သားရယ်လို့ခေါ်တတ်တဲ့ ကိုဒီမွန် (ဒီဒီ). ကောင်မလို့ ခေါ်ခေါ်နေတဲ့ ကိုအောက်ဆီ (အလွမ်းမျက်ရည်). မောင်လေးတစ်ယောက်လို ဂရုစိုက်တတ်တဲ့ မငယ်. သူငယ်ချင်းတွေဆုံတိုင်း အိမ်ကိုအတင်းပြန်ချင်တဲ့ ဆာမူရိုင်း. စကားပြောရင် ညစ်ကပ်ကပ်နိုင်တဲ့ သံယောဇဉ်. လူနဲ့မုန့်အတူတူလာရင် မုန့်ကိုအရင်နှုတ်ဆက်တဲ့ မိုးပြေး. အင်တာနက်အလကားပေးသုံးတဲ့ မမီးမီး. နဲ့ အခြားသောသူငယ်ချင်းများကို အရမ်းကျေးဇူးတင်ခဲ့တယ်… ဒီလူတွေနဲ့တွေမှ ပိုးကောင်ဘ၀မှာ အသက် (20) ရောက်တော့မှ ပထမဆုံး New Year ဆိုတာကို ကြုံတွေ့ခဲ့ရတယ်… ပျော်စရာဆိုတာတွေကို လက်တွေ့ခံစားမိခဲ့တယ်… အိမ်ကလည်း စုဘူးက အစ်ကိုအစ်မတွေနဲ့ဆိုရင် စိတ်ချတယ်… ညဘက်တွေဘာတွေတောင် စုဘူးကလူတွေနဲ့ဆို ပေးထွက်တယ်… ဖြစ်နိုင်မယ်ဆိုရင် ဒီလိုပျော်ရွှင်မှုလေးတွေကို တစ်သက်လုံးသိမ်းထားချင်တယ်… စုဘူးက အစ်ကိုအစ်မတွေနဲ့ အမြဲချစ်ချစ်ခင်ခင်နေချင်ပါတယ်…

No comments: