dancing baby,  Image Hosting

Saturday, August 30, 2008

ဆက်ချစ်မယ့်သူ

ချစ်သူမင်းနဲ့တွေ့တွေ့ချင်းမှာပဲအချစ်ကိုစတွေ့တယ်လို့တော့ မလိမ်ညာပါဘူး ။မင်းနဲ့ဝေးမှတစ်ခါမှမလိုချင်ဖူးတဲ့အမုန်းဆုံးအရာဖြစ်တဲ့အလွမ်းတွေကိုမင်းအတွက်နဲ့ဖက်တွယ်မိတော့မှပဲမင်းကိုချစ်မိမှန်းသိခဲ့တာပါ ။တမ်းတတယ်ဆိုတဲ့စာသားတွေကငါ့ဒိုင်ယာရီမှာ
မင်းနာမည်တွေခေါင်းစဉ်တပ်ပြီးနေရာတွေထပ်နေပြီ ။မင်းနဲ့ငါလက်မတွဲပဲ လမ်းတွေကို တူတူလျှောက်ဖူးတယ် ။တိုင်ပင်မထားပဲသီချင်းတွေကို တူတူဆိုဖူးတယ် ။ဘာမှမပြောပဲနဲ့အူလှိုက်သဲလှိုက် ထိုင်ရယ်ဖူးတယ်။အကြောင်းမကြားပဲ နင်ရောက်လာပြီးမနှုတ်ဆက်ပဲ နင်ထွက်သွားတော့အမှတ်တမဲ့တွေကအမှတ်တရတွေ ဖြစ်ရပြီပေါ့။နင်ရောက်လာတာ တစ်ခဏပါငါလွမ်းနေတာ တစ်ဘ၀အတွက်ဆိုတော့လည်းပြန်လာနိုင်ခွင့်မရှိတဲ့နင့်ကိုပြန်လာပါလို့မတောင်းဆိုပါဘူးအဝေးထွက်သွားဖို့ ကြိုးစားနေတဲ့ငါကိုလည်းနီးနီးလေးမှာနေပေးဖို့ မတောင်းဆိုပါနဲ့နော်။ဘ၀ခရီးအတွက်ကြိုးစားနေရင်းဝေးရမှာမို့ မုန်းလိုက်ပါတော့လို့ မပြောရက်တော့လည်းငါ့ကိုယုံကြည်မှုလေး တစ်ခုနဲ့ ဆက်ချစ်နေပေးပါ၊တကယ်တော့မင်းကငါ့ရဲ့ထာဝရမဆုံနိုင်တဲ့မျဉ်းပြိုင်ကလေးတစ်ကြောင်းဖြစ်ခဲ့မယ်ဆိုရင်တောင်ငါကဆက်ချစ်နေဦးမှာပါ။......................ချစ်သောသူသိနိုင်ပါစေ။

No comments: