dancing baby,  Image Hosting

Monday, September 15, 2008

...အိပ်မက်ယောင်တဲ့..မိုးပြေး...

...အိပ်မက်ယောင်တဲ့..မိုးပြေး...
မင်းမျက်နှာဝိုင်းဝိုင်းလေး...
ငါသတိရနေသေးတယ်...
မင်းနာမည်လေး...
ယောင်ယောင်ခေါ်မိလွန်းလို့..
ငါ့လည်ချောင်းတွေတောင်နာနေပြီ...
ပြတင်းပေါက်မှန်တွေမှာလည်း...
မင်းပုံရိပ်တွေ...ထင်ကျန်နေသေးတယ်...
မင်းလည်းပြန်မလားသေးဘူးနော်...
ငါ့တမ်းတခြင်းတွေလည်း...
ဘယ်တော့မှ...အဆုံးသတ်မှာလဲမသိနိုင်တော့ပါဘူး...
မင်းလက်နဲ့အသက်သွင်းခဲ့တဲ့..မိုးစက်တွေကလည်း..
အဝေးကိုထွက်ပြေးသွားပြီ...
အခုတော့...ငါတစ်ယောက်ထဲ...
အိပ်မက်တွေကနေ..ဘယ်အချိန်မှနိုးမယ်မှန်းလဲမသိဘူး...
အလွမ်းတွေ..တစ်ပွေ့တစ်ပိုက်ကြီးနဲ့...
အိမ်အပြန်လမ်းမှာလဲ...
ငါချစ်တဲ့...မိုးပြေးလေးလည်းမရှိတော့ပါဘူး...
သူလည်း...မင်းနဲ့အတူတူ..အဝေးကို..အဝေးကို..
ထွက်ပြေးသွားခဲ့ပြီ....

Saturday, August 30, 2008

မျက်ရည်အိုင်သောနေ့ (အာဇာနည်နေ့ သို့)

၁)နီတျာတျာလျှင်......သွေးဖြာလွှမ်းရစ် ၊ သမိုင်းသစ်လော့။(၂)မိုးပြာပြာတွင်....တိမ်လွှာဖယ်ပစ်၊ သင်တိုင်းလှစ်လော့။(၃)လွမ်းဗျာပါလျှင် .....မျက်နှာမှိုင်းညို ၊ ပါးမို့မို့နှင့်သျှင်တို့ေ နပြည် ၊ လွမ်းမောစည်စွကြုံလည်းနှောင်းခေတ် ၊ လွမ်းလှိုင်းနစ်လော့။(၄)ညစ်မှောင် မှုန်လွှမ်း၊ မိုးပြည့်ပြွမ်းသည်ယမ်းငွေ့နှင့်ယှက် ၊ တိမ်ညိုခက်တို့ထက်သက်စုန်ဆန် ၊ လူးလာပြန်အော င်ဒေါမာန်ရိုက်ခတ်၊ ဟူးဟူးလွှတ်၍သူသတ်သမား၊ ညစ်ထွားထွားတို့မျိုးသားထွတ်ခေါင် ၊ ပြည့်ခေါင်းဆောင်ကိုလူ့ဘောင်ခ မ်းဝါ ၊ သိမ့်သိမ့် ခါမျှပစ်လှာမစဲ ၊ ကျည်ဆန်ဝဲ သော်သေပွဲသေပန်းပွင့်သတည်း။(၅)မြို့နှင့် ရွာဆက်၊ အုန်းအုန်းကျွက်တည့်ပွက်ပွက်ထ န်ထန်၊အော်ဟစ်ပြန်ရင်းဗြောင်းဆန်ကြေကွဲ၊ငိုသည့်ပွဲတည့်ကျိုးကျဲဆံဖြူ၊ နားအူအူနှင့်ဖျင်ထူလက် လျှို၊ အမေအိုလည်းငို၍မဆုံး၊ခါးကုန်းကုန်းနှင့်တောလုံးဆူညံ၊လေ၀ယ်ပျံခဲ့။(၆)တောင်သူယာလုပ်၊ ဓားမခုတ်နှင့် ပုတ်ပြတ်ေ န့စား ၊ လယ်သမားတို့ယောက်ျားဂုဏ်ရည်၊ တန့်မဆည်နိုင်မကြည်မသက်၊ မျက်ရည်စက်ဖြင့် လက်ခမောင်းခတ်၊ ပြေးသွားလတ်၏ထေရ်မြတ်စံပျော်၊ရွာကျောင်းတော်သို့ဟစ်အော်သံဝါတို့၊ ငိုသံပါနှ င့်လျှောက်ရှာသည်ကား “ဘုန်းဘုရား”........။(၇)“လွတ်လပ်ရေးအတွက်၊ မျိုးမာန်တက်စွပြည်သက်အားထား၊ ရွှေတောင်လားသို့မားမားခံ့ခံ့၊ သတ္တိဟန့်နှင့်မဆန့်ဂုဏ်အင်၊ပြည့်စုံလ င်သောပြည်တွင်ကဲလုပ်၊ လွန်ကြိုးကုပ်သူဗိုလ်ချုပ်အောင်ဆန်း၊စည်းဝေးခန်းတွင်ယုတ်ကန်းဆိုးဝါး၊သူသတ်များသို့ကျည်းအားသွန်မွှေ့၊ လုပ်ကြံရွေ့ကြောင့်ရင်ပွေ့ယိုင်လဲ၊ သွေးအိုင်ထဲဝယ်ပြိုကွဲနားညည်း၊ ပွဲချင်းပြီးပင်ဝန်ကြီးများနှင့် ၊သေပန်းပွင့်ပေါ့”ရင်နင့်ဗျာ ဝေ၊တင်လျှောက် လေသော်ထေရ်ဝါမြတ်လည်း၊တက်ခေါက်ကျည်းဘိ။(ဃသသူကြုံသည့်ြ ဖစ်အင်၊မပြောချင် တော့မြေပြင်တု န်လျက်၊ငိုသံအက်နှင့်ဆက်ငိုရင်းသာ ၊ငိုကြပါခဲ့ တစ်ခါတစ်ေ ခတ်၊သမိုင်းသစ်လွင်ဖြစ်တောင့် ဖြစ်ခဲ၊မကြုံရဲတော့ရှောင်လွှဲနိုင်က၊သြော်.... .ကောင်းစွရှင့်။(၉)ညအိမ်မက်ဆိုး၊ လက်တွေ့တိုးသို့ညှိုးငယ်မျက်နှာ၊ မသာယာကြကြမ္မာဖိစီး၊ ရှားမီးကျီးဝယ်ရင်လှီးဖောက်ဖြတ်၊ ၀ါးညှပ်ပိတ်ေ သာသည်းပွတ်နှလုံး၊မီးကင်အုံးသို့ယူကျုံးမနိုင်၊ သောကလှိုင် စွရင်ဆိုင်တူရူ၊အောင်ပွဲယူသောရန်သူအို.. ....သေမင်း၊ စစ်မခင်းရလေလူချင်းဖြစ်က၊ ယှဉ်ပြိုင်ကြအံ့စိတ်မှခဲခဲ၊ အံကြိတ်မဲရင်းပုလဲတစ်လုံး၊ရွဲတစ်လုံးပင်သွေးဖုံးမျက်ရည်၊ စီးရစ်လည်သော်ဇာနည်မော် ကွန်း၊ ညစ်ထပ်စွန်းဘိဥဒါန်းကမ္ဘာ မကြေသာတကား။ ။

ဆက်ချစ်မယ့်သူ

ချစ်သူမင်းနဲ့တွေ့တွေ့ချင်းမှာပဲအချစ်ကိုစတွေ့တယ်လို့တော့ မလိမ်ညာပါဘူး ။မင်းနဲ့ဝေးမှတစ်ခါမှမလိုချင်ဖူးတဲ့အမုန်းဆုံးအရာဖြစ်တဲ့အလွမ်းတွေကိုမင်းအတွက်နဲ့ဖက်တွယ်မိတော့မှပဲမင်းကိုချစ်မိမှန်းသိခဲ့တာပါ ။တမ်းတတယ်ဆိုတဲ့စာသားတွေကငါ့ဒိုင်ယာရီမှာ
မင်းနာမည်တွေခေါင်းစဉ်တပ်ပြီးနေရာတွေထပ်နေပြီ ။မင်းနဲ့ငါလက်မတွဲပဲ လမ်းတွေကို တူတူလျှောက်ဖူးတယ် ။တိုင်ပင်မထားပဲသီချင်းတွေကို တူတူဆိုဖူးတယ် ။ဘာမှမပြောပဲနဲ့အူလှိုက်သဲလှိုက် ထိုင်ရယ်ဖူးတယ်။အကြောင်းမကြားပဲ နင်ရောက်လာပြီးမနှုတ်ဆက်ပဲ နင်ထွက်သွားတော့အမှတ်တမဲ့တွေကအမှတ်တရတွေ ဖြစ်ရပြီပေါ့။နင်ရောက်လာတာ တစ်ခဏပါငါလွမ်းနေတာ တစ်ဘ၀အတွက်ဆိုတော့လည်းပြန်လာနိုင်ခွင့်မရှိတဲ့နင့်ကိုပြန်လာပါလို့မတောင်းဆိုပါဘူးအဝေးထွက်သွားဖို့ ကြိုးစားနေတဲ့ငါကိုလည်းနီးနီးလေးမှာနေပေးဖို့ မတောင်းဆိုပါနဲ့နော်။ဘ၀ခရီးအတွက်ကြိုးစားနေရင်းဝေးရမှာမို့ မုန်းလိုက်ပါတော့လို့ မပြောရက်တော့လည်းငါ့ကိုယုံကြည်မှုလေး တစ်ခုနဲ့ ဆက်ချစ်နေပေးပါ၊တကယ်တော့မင်းကငါ့ရဲ့ထာဝရမဆုံနိုင်တဲ့မျဉ်းပြိုင်ကလေးတစ်ကြောင်းဖြစ်ခဲ့မယ်ဆိုရင်တောင်ငါကဆက်ချစ်နေဦးမှာပါ။......................ချစ်သောသူသိနိုင်ပါစေ။

Tuesday, August 19, 2008

မ မရှိလို့မဖြစ်နိုင်

ငလျင်လှိုင်းထ ခဲကျရေပြင် မောင့်သဲပြင်မှာ မညိမ်မသက် ငိုကြွေးလျှက်က သိမ့်သိမ့်ရှိုက်သံ ညိမ်သက်ရန်မှာ ခက်ခဲလေတယ် ..... မရယ် တကယ်ဆိုမေကမရ တမ်းတလျှက်က မရယ်သံကြား မောင့်နှလုံးသားက လိမ့်ကာပြုတ်ကျ .. မမ ... မမ ခေါ်၍နေတုန်း ချစ်ပါဦးလား ...... မရယ် အခုတော့ဖြစ်လေ အချစ်ဆုံးမက ချစ်သူကောက်ရ သိပ်ချစ်သမျှပြောပြလာမှ နှလုံးသားကြွေမြွ မခြေရင်းမှ ချစ်တယ်အော်ရင်း သေးဆုံးခြင်းက ပျက်သုန်းရွင်းတိုင် ချစ်နေဦးမယ် .......... မမရယ်

........သူငယ်ချင်းပြောတဲ့ အဖြူရောင်သံရောစဉ်........

......."သူငယ်ချင်းပြောတဲ့...အဖြူရောင်သံစဉ်".........
ငါတစ်ယောက်ထဲ...အခန်းကျဉ်းလေးထဲမှာပေါ့......
နှလုံးသားရဲ့ကွဲအက်သံတွေကို...........
အချစ်ရဲ့....ကာရံတွေနဲ့ပေါင်းစပ်ပြီး.....
မင်းအပြုံးလေးကိုမေ့ပစ်ဖို့ကြိုးစားနေတယ်....
အဲဒီနေ့က...မထင်မှတ်ခဲ့ပါဘူး...........
ငါ့ခြေလှမ်းတွေသေဆုံး............
နှလုံးသားတွေကြွေလွင့်ခဲ့မယ်ဆိုတာကိုပေါ့.....
ငါလေ.....မျှော်လင့်ချက်တွေကို...အရှိန်တင်....
ငါစိတ်တွေကိုအားကုန်ရွက်လွှင့်လို့........
နှုတ်ခမ်းပါးလေးရှိရာဆီကို...ငါအိပ်မက်မက်ခဲ့တယ်....
တွေးမထားခဲ့မိပါဘူး......
ငါ့အိပ်မက်တွေပျောက်ဆုံး....
မျှော်လင့်ချက်တွေ..ဆိတ်သုဉ်းသွားမှာကို...
ငါမစဉ်းစားခဲ့မိပါဘူး....
မင်းအပြုံးလေးရဲ့နောာက်ကွယ်က...ငါ့မျက်ဝန်း...
ရိုးသားမှုတွေ...ကင်းမဲ့လို့....
ငါ့စိတ်တွေကလည်း...မင်းရဲ့စကားလုံးတွေကြားမှာ...
မျောလွင့်နေကြတယ်.....
သူငယ်ချင်းရယ်......ငါလေ....ငါပြောမထွက်တော့ဘူး.........
ငါ့ရဲ့အချစ်တွေ....မင်းရဲ့နှုတ်ခမ်းပါးလေးကိုမကျော်လွှားနိုင်တော့ဘူး......
ငါ့ရဲ့ကြင်နာမှုတွေ...မင်းရဲ့နှလုံးသားကိုအရောင်မဆိုးရက်တော့ပါဘူး....
တိတ်တခိုးချစ်နေတဲ့ငါ...
ဟန်ဆောင်မှုတွေရဲ့...ထိုးနှက်ချက်တွေကို..ခံယူပြီး..
အရိပ်အလေးအဖြစ်နဲ့....မင်းအပါးမှာ..ခိုလှုံခွင့်ပေးပါကွာ....
သူငယ်ချင်းရယ်....ငါလေ...မင်းကိုငါချစ်တယ်...
မင်းကိုငါအရမ်းချစ်ခဲ့တယ်........
မင်းမျက်ဝန်းလေးမှာ....ပိုင်ရှင်ရှိခဲ့တယ်ဆိုရင်တောင်
ငါကျေနပ်မှုတွေနဲ့အားတင်းပြီးငါပြုံးနေပါ့မယ်....
ဒါပေမယ့်....သူငယ်ချင်းရယ်....
ငါနှလုံးသားလေးထဲက.....မင်းအပြုံးလေးကိုတော့...
ပြန်ယူမသွားပါနဲ့ကွာ..........
မင်းအပြုံးလေးနဲ့အသက်ဆက်...
မင်းနှုတ်ခမ်းပါးလေးနဲ့....ပျော်နေတတ်တဲ့ငါ့ကို....
ကိုယ်ချင်းစာပေးပါဦး....
အခုတော့...မင်းမသိအောင်ရေးခဲ့တဲ့.....
ငါ့ရဲ့ကဗျာစာသားတွေလည်း....
အရောင်တွေမှေးမှိန်လို့.....
စာရွက်အဖြူလေးကလည်း.....ငါ့ကိုပြောနေပြီ...
"တော်ပါတော့ကွာ...မရေးပါနဲ့တော့....
နာကျင်မှုတွေကို.....မျက်ရည်နဲ့အရောင်တင်ပြီး....
ရေးထားတဲ့...မင်းရဲ့ကဗျာစားသားတွေကို....
ငါလက်မခံနိုင်တော့လို့ပါ....."တဲ့...
ငါ့ရဲ့နာကျင်မှုတွေနဲ့....၀မ်းနည်းမှုတွေကို...
စာရွက်အဖြူလေးက....အသိဆုံးပါ...
မင်းကတော့...သိခဲ့မယ်မထင်ဘူး.....
မင်းသိခဲ့ရင်..... မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေးအစိမ်းရောင်သမ်းလို့....
ဖြူစင်လွန်းတဲ့မင်းအပြုံးလေး...
ရက်စက်တတ်သွားမှာကို....ငါစိုးရိမ်လို့ပါ....
ငါလေ...အိပ်မက်ထဲမှာလဲ....
ငိုရှိုက်နေတဲ့နှလုံးသားကိုဖေးမလို့....
ကျရှုံးခြင်းဆိုတဲ့..ပုံရိပ်ဆိုးတွေရှေ့မှာ....
ဒူးထောက်နေရတယ်.......
သူငယ်ချင်းရယ်........
မင်းကို...ငါဘယ်လောက်ထိချစ်ခဲ့တယ်ဆိုတာ..
ငါအသိဆုံးပါ.....
ငါ့မျက်ရည်တွေလည်းခန်းခြောက်နေပြီ...
အသက်ငွေ့ငွေ့သာကျန်တော့တဲ့....ငါ့နှလုံးသား..
မင်းပြောပြတဲ့....အဖြူရောင်သံစဉ်လေး....
ပျောက်ကွယ်မသွားအောင်...
မင်းမမြင်နိုင်တဲ့နေရာကပဲ....
တစ်သက်လုံးငါချစ်နေတော့မယ်.....သူငယ်ချင်းရယ်..........

Wednesday, August 13, 2008

ချစ်ရသော ညီအစ်ကိုမောင်နှမများသို့

ပိုးကောင်နဲ့စုဘူးကသူငယ်ချင်းတွေအကြောင်းလေးကို မပြောခင် ပိုးကောင်ရဲ့ဘ၀ကိုအရင်ပြောပြချင်ပါတယ် ပိုးကောင်က မောင်နှမသားချင်းတွေထဲမှာအကြီးဆုံးသား… နှစ်ဘက်သော ဘိုးဘိုး.ဘွားဘွားတို့ရဲ့ မြေးဦး… ဖေဖေနဲ့မေမေ နှစ်ဘက်စလုံးမှာတစ်ဦးတည်းသောသားယောက်ျားလေး… တစ်ယောက်တည်းရှားရှားပါးပါးယောက်ျားလေးပါတယ်ဆိုပေမယ့် အလိုလိုက်ခြင်းကို လုံးဝမခံခဲ့ရဘူး… အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ချုပ်ချယ်မှုတွေကို အရမ်းခံခဲ့ရတယ်… တိုင်ပင်ဖော်ညီအစ်ကို ဆိုတာလုံးဝမရှိခဲ့ဘူး… သူများတွေ ညီလေးတွေနဲ့လမ်းလျှောက်ထွက်ရင်… သူတို့အစ်ကိုတွေက ဖေးမရင် အရမ်းကိုအားကျခဲ့တယ်… အခုတော့ ဘာညီအစ်ကိုမှမလိုတော့ဘူး… ပိုးကောင်ဘ၀မှာ စုဘူးကမောင်နှမတွေရခဲ့ပြီ… သူတို့က အရမ်းကိုခင်ဖို့ကောင်းသလို တကယ့်ကို ညီလေးတစ်ယောက်. မောင်လေးတစ်ယောက်လို ဆက်ဆံပေးခဲ့တယ်… အရမ်းပျော်မိသလို… ခင်ပေးခဲ့တယ် အစ်ကိုအစ်မတွေကိုလည်းအရမ်းကိုကျေးဇူးတင်ခဲ့တယ်… တကယ်ပါ… ပေါက်ကရတွေအရမ်းပြောတဲ့ ၀ါဝါ (သူရဿဝါ). တစ်ခါတည်းပါဆိုတဲ့ စိုးမိုး (ဆိုလ်းဒေ၀ဒတ်). ငှက်ပျောတုံးဖက်ပြီးလွမ်းနေတတ်တဲ့ ၀ိုင်. ညီလေးတစ်ယောက်လို အလိုလိုက်တဲ့ ကိုကြီးဇော်ဝင်းမြတ်. အပြုံးလေးနဲ့ဆုံးမတတ်တဲ့ ကိုလူလိန်. ကွန်ပျူတာနဲ့ပက်သက်ပြီး လမ်းပြပေးတဲ့ ကိုရွှေဘုန်းလူ. သားရယ်လို့ခေါ်တတ်တဲ့ ကိုဒီမွန် (ဒီဒီ). ကောင်မလို့ ခေါ်ခေါ်နေတဲ့ ကိုအောက်ဆီ (အလွမ်းမျက်ရည်). မောင်လေးတစ်ယောက်လို ဂရုစိုက်တတ်တဲ့ မငယ်. သူငယ်ချင်းတွေဆုံတိုင်း အိမ်ကိုအတင်းပြန်ချင်တဲ့ ဆာမူရိုင်း. စကားပြောရင် ညစ်ကပ်ကပ်နိုင်တဲ့ သံယောဇဉ်. လူနဲ့မုန့်အတူတူလာရင် မုန့်ကိုအရင်နှုတ်ဆက်တဲ့ မိုးပြေး. အင်တာနက်အလကားပေးသုံးတဲ့ မမီးမီး. နဲ့ အခြားသောသူငယ်ချင်းများကို အရမ်းကျေးဇူးတင်ခဲ့တယ်… ဒီလူတွေနဲ့တွေမှ ပိုးကောင်ဘ၀မှာ အသက် (20) ရောက်တော့မှ ပထမဆုံး New Year ဆိုတာကို ကြုံတွေ့ခဲ့ရတယ်… ပျော်စရာဆိုတာတွေကို လက်တွေ့ခံစားမိခဲ့တယ်… အိမ်ကလည်း စုဘူးက အစ်ကိုအစ်မတွေနဲ့ဆိုရင် စိတ်ချတယ်… ညဘက်တွေဘာတွေတောင် စုဘူးကလူတွေနဲ့ဆို ပေးထွက်တယ်… ဖြစ်နိုင်မယ်ဆိုရင် ဒီလိုပျော်ရွှင်မှုလေးတွေကို တစ်သက်လုံးသိမ်းထားချင်တယ်… စုဘူးက အစ်ကိုအစ်မတွေနဲ့ အမြဲချစ်ချစ်ခင်ခင်နေချင်ပါတယ်…

Monday, July 28, 2008

သူငယ်ချင်းအတွက်

ပျော်ရွင်မူ့တွေ ခံစားနိုင်ပါစေ ကိုယ်ပြုတဲ့ကံကြောင့် အားလုံးအပေါ်မှာ မေတ္တာထားနိုင်အောင်ကြိုးစားပါ သူငယ်ချင်း..... မင်းအမှားတွေကြောင့် မင်းလိုချင်ခဲ့တဲ့..... အားလုံးစီက ... အပြုံးလေးတွေကိုမင်းမပိုင်ဆိုင်လိုက်ရဘူးနော် မင်းအမှားတွေကမင်းကိုဒဏ်ခတ်လိုက်တာပါ မင်းအမှားရှိရင်မမှန်ဆိုတာရှိပါတယ် ကြိုးစားပေါ့ကွ.... အားလုံးဟာကိုယ်ဘ၀ကိုရပ်တည်ဖို့ပေါ့ မင်းအတွက်လိုချင်တဲ့အချိန်မှာ ငါတို့ကိုတောင်းတလိုက်ပါ... လူမရောက်နိုင်ရင်တောင်မှ... ငါစိတ်ကနေမင်းကိုနှစ်သိမ့်နေမှာပါ သူငယ်ချင်းရယ်.........................

အချစ်မှော်ဆရာမလေး

မချစ်တတ်တဲ့ ငါနှလုံးသားကို... ချစ်တတ်အောင်သင်ပေး... ရင်မခုန်တတ်တဲ့ငါနှလုံးခံသံက... မင်းနဲ့တွေ့မှာ ရင်ခုန်မြန်ခဲ့... မင်းမျက်ဝန်းအကြည့်နဲ့တင်.. သေလောက်တဲ့ငါကို..... မင်းရဲ့ အပြူံးချိုလေးပြလိုက်တော့.. ငါသတိမေ့သွားမတတ်ခံစားတယ်ဟာ.. ထူးဆန်းလွန်းတဲ့..ငါချစ်ခြင်းကို လမ်းပြပေးတဲ့နင်ကို... ငါရင်ထဲက .... အချစ်မှော်ဆရာမလေးလို့ ခေါ်ခွင့်ပြုပါနော်................

အပြာရောင်အချစ်

ချစ်သူနဲ့ မျက်နှာချင်းဆိုင်အကျွန်ုပ် လက်လေးကို ကိုင်လိုက်မိတယ် . . . .ဒါနဲ့ . . .ရင်ခွင်ဘယ်ဘက် နှလုံးတည့်တည့်မှာမီးရထားတွေ ခုတ်မောင်းပြီးမောဟိုက်သွားတယ် . . .ဒီမီးရထားတွေ ချစ်သူဆီသို့ လှမ်းဝင်ပြီးရင်ခွင်ထဲမှာ ခတ္တနားတယ်ဒါပေမယ့် . . .ခရီးက မဆုံးသေးဘူး . . .မီးရထားလည်း ခုတ်မောင်းဆဲ . .အကျွန်ုပ်လည်း မောဟိုက်ဆဲရောက်ခဲ့ပြန်ပြီ . . . ချစ်သူဆီသို့အနမ်းဘူတာမှာ ခပ်ကြာကြာနားလိုက်တယ် . . .ဒါပေမယ့် . . .ခရီးမဆုံးသေး . . .မီးရထားလည်း ပိုလို့မြန်မြန်ခုတ်မောင်းဆဲ . . .အကျွန်ုပ်လည်း ရင်တုန်လောက်အောင် မောဟိုက်ဆဲ . . .ဘယ်သို့ ဘယ်ကို ရောက်မှရင်ထဲက ရထား အနားရမလဲ . . .အကျွန်ုပ် အမောဖြေရမလဲ . . .. . .. . . .. . .. .. . . . . .. . . . .. . . ..

အဖြူရောင်

အနာဂတ်က ငါ့မနက်တွေမှာ
အပြုံးတွေနဲ့ နေခြည်တွေဖြာ ဖို့
ငါချစ်သူ . . . နင်
မတွေးထားပါဘူး . . .

နင်ဝမ်းနည်းတိုင်း
ထွေးပွေ့ထားတဲ့ ငါ့ရင်ခွင်
အထဲမှာတိတ်တိတ်လေး အက်ကွဲ
မထွက်သင့်ဘူးဆိုတဲ့ မျက်ရည်တွေ
နင်မကြိုက်ရင် . . . ငါမငိုပါဘူး

ငါလျှောက်ရမယ့်လမ်း
နင်မလိုက်သလို
နင်လျှောက်ရမယ့်လမ်းလဲ
ငါလိုက်ခွင့်မရှိဘူးဆို
အခု . . .
ငါတို့ အချစ်ပန်းခြံထဲက
လမ်းတွေဆုံးသွားရင် . . .
. . . . . .
. . . . . . . . . .
". . ."
ဘ၀ဆိုတာ တိုတိုလေးတဲ့
ငါကတော့လိပ်ပြာလုံတယ်
အရောင်တွေမပါတဲ့
အချစ်စစ်ကိုသာ
ပေးဆပ်ခွင့်ရခဲ့လို့လေ . . . ။ ။

Thursday, July 24, 2008

အဖေ

အဖတဲ့....ကြားလိုက်တာနဲ့.....ရင်ထဲအေးချမ်းသွားမဲ့ထဲမှာ...ငါမပါဘူး....
သားသမီးလက်ကိုဆွဲ.....သားရေသမီးရေ....ဖေဖေပြန်လာပြီဆိုတဲ့ မိသားစု ဘ၀မှာ ငါမပါဘူး....
ငါ့မှာ အဖေ ဆိုတဲ့ သက်ရှိထင်ရှားလူတစ်ယောက်လုံးရှိတယ်...ဒါပေမဲ့..ငါ့ဘ၀ မှာ အဖေဆို တာ 2004
ကတဲကသေဆုံးခဲ့ပြီ....
အဖေ ဆိုတာကိုလည်းမလိုချင်ဘူး......ငါ့ဘ၀မှာ ချစ်သူရည်းစားမရှိလို့သေတဲ့ထဲမှာငါမပါသလို...အဖေ မရှိရင်လည်း
ငါငိုမဲ့လူစားမျိုးမပာုတ်ဘူး....ငါ့ဘ၀မှာအမေရှိရင်လုံလောက်ပြီ..... အဖေနဲ့အဆင်မပြေလို့ငိုခဲ့ရတဲ့နေ့ပေါင်းလည်း
မရေတွက်နိုင်တော့ဘူး...တစ်ခါတစ်လေ အားကျမိတယ်.....သမီးလေးကျောင်းကပြန်လာပြီလား...
အဲ့ဒီလိုမေးမဲ့အဖေမျိုးကိုငါအရမ်းလိုချင်မိတယ်....သူများတွေက ငါ့ဖေဖေက ငါ့ကိုဘယ်ဆိုင်ခေါ်သွားပြီးဘာတွေကျွေးတာ...
ဘာတွေဝယ်ပေးတာ...သူတို့စကားဝိုင်းရောက်ရင် တိတ်တိတ်လေးမသိသလိုနေခဲ့ရတယ်...
ဒါတွေရေးလို့ ငရဲကျမယ်ဆိုရင်လည်း....ရဲရဲကြီးကိုအကျခံလိုက်မယ်....
ငါအခုစောက်ရမ်းဆိုးသွမ်းပေတေနေတယ်.....
သားသမီးတွေထဲမှာ ငါကစောက်သုံးမကျဆုံးတဲ့...
မှန်တာကိုပြောတာပဲ...မှန်တာပဲလေ.....
ငါ့ကိုကြင်နာယုယတဲ့အဖေအဖြစ် တစ်သက်လုံးမပာုတ်ရင်တောင်...တစ်ရက်လောက်နေပေးရင်ကျေနပ်ပါပြီကွာ....

အိမ်မက်ချစ်သူ....

မင်းက...... ငါ့အိမ်မက်တွေရဲ့ ကောင်းကင်မှာ လင်းလက်တဲ့ ကြယ်စင်ပါ.........။။ ငါ့မျှော်လင့်ချက် အာသီသနဲ့  မင်းကို အမြဲတစေ မော်ဖူးရတယ်....။။ ငါ့ဘ၀အနာဂတ်တွေ တေးကဗျာတွေအတွက် အချက်အလက်ရှာပေးသူရေ.......... မင်းရဲ့ စူးစိုက်တဲ့အကြည့်ကြောင့် ဘယ်ဘက်ရင်အုံရဲ့  နက်ရှိုင်းရာမှာ နှင်းဆီရောင်နီမြန်းနေတယ်........။။ ငါ့သံယောဇဉ်တွေ အရိပ်ထိုးလို့  မင်းမျက်လုံးတွေ အမှောင်ဖုံးစေသလားချစ်သူ...။။။ မသေပျောက်နိုင်တဲ့ ကိုယ့်အိမ်မက်တွေထဲမှာ(ပဲ) အခြေတကျနေပါတော့ ချစ်သူရယ်..........။။။။။

အမေ

မြေနိမ့်ရာလှံစိုက်ခံရတဲ့သူတွေအတွက်
လူ့အခွင့်အရေးတွေ ဟစ်ကြွေး
အမေ တောင်းပေးခဲ့တယ်။
စစ်ခွာသံ ဘယ်လိုပြင်းပေမယ့်
အောင်ဆန်းသမီး ပီသ
အမေ ခေါင်းဆောင်သွေးပြခဲ့တယ်။
ခမောက်ဆောင်းပြီး ခေတ်တစ်ခေတ်ကို အသွင်ပြောင်းချင်တဲ့
ပင်နီရောင်ခွပ်ဒေါင်းပျိုမ အမေ
ဒီမိုကရေစီ ခရောင်းလမ်းထက်က
အတင်းပိတ်ခံရတဲ့ မျက်ဝန်းတွေအတွက်
အမေဟာ အမြင်အာရုံပါ။
အမှောင်ချထားခံရတဲ့ သတင်းမြို့ပျက်အတွက်
အမေဟာ အကြားအာရုံပါ။
ကမ္ဘာမြေပန်းခင်းမှာ အမေ ငြိမ်းချမ်းရေး ပန်းတစ်ခြင်းပျိုးခဲ့ပါပြီ။

အဖေ

ဗိုလ်ချုပ်ကိုတိုင်တန်းခြင်း
xxx အဖေ...ခွေးအတွေ ..ချောင်းကိုက်လို့ 
သွေးမြေခ..ကျဆုံးခဲ့ လေပြီ..။
xxx အဖေ...တိုက်ယူခဲ့ တဲ့ ..လွတ်လပ်ရေး
ဂိုဏ်းတွေကွဲ..ခွာတွေပြဲကြ
တိုင်းပြည်မီး..မငြိမ်းနိုင်..။
xxx အဖေ..
အခွင့် ကောင်းကိုစောင့် ..
ပြည်ထောင်စုမပြိုကွဲရေးအသံကုန်အော်ခွေးဝဲစားနေ၀င်း..အရှက်မဲ့ စွာ
ပလ္လင်ပေါ်တက်
၂၆ နှစ် မဆလ စနစ်ဆိုးအောက်..
ဘ၀တွေ..နစ်ခဲ့ ရပေါ့ ...။
xxx အဖေ...ခွေးဝဲစားမျိုးဆက်စစ်ဘီလူး..အရူးတွေ
တိုင်းပြည်အုပ်ချုပ် ..အသက်ဆက်နေတုန်း..။
xxx အဖေ..
ကျနော်တို့ ဗမာလူသားတွေအမျိုး ၊ဘာသာ ၊သာသနာ..ပျောက်
နိုင်ငံမှောက်ပြီး..အမျိုးတုန်းလို့ ကုန်းကောက်စရာ..မရှိတော့ ပြီ..။

င်္ကောင်းကင်သို့တိုင်တည်ခြင်း

ချစ်သူ......
မင်းကိုချစ်တဲ့ကိုယ့်အချစ်တွေက
(မင်းအတွက်)အဆိပ်တွေအပြည့်နဲ့
ပန်းသီးတစ်လုံးဖြစ်နေလား?
ချစ်တတ်လွန်းတဲ့ငါ့ကြောင့်
(မင်းအတွက်)စိတ်ရှုတ်စရာတွေဖြစ်နေလား?
ဝေခွဲမရခြင်းများနဲ့
မိုးလင်းခဲ့ရတဲ့ညတွေလည်း
များလှပါပြီ.........
ချစ်သူ..........
မင်းကိုပေးတဲ့ကိုယ့်အချစ်တွေက
အပြစ်တွေလား?
အစစ်တွေလား?
ကြည်နူးစရာတွေလား?
စိတ်ရှုတ်စရာတွေလား?
လားပေါင်းများစွာနဲ့စီးချင်းထိုးရင်း
ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့
နေ့တွေကလည်း အသင်္ချေပါပဲ.....
ကောင်းကင်ကြီးရေ.......
တကယ်လို့သာခင်ဗျားက
ကျွန်တော့်ကိုနားလည်နိုင်မယ်ဆိုရင်လေ
ခင်ဗျားကိုတိုင်တည်ပြီး ပြောလိုက်ချင်တယ်
"ကျွန်တော့်ကို အဖြေရှာပေးပါ"လို့ ။ ။

မမေးပါနဲ့...

ဘာကြည့်တာလဲလို့ဘုဆတ်ဆတ်နဲ့
ခဏခဏမမေးပါနဲ့
နင့်မျက်ဝန်းတွေကသိပ် နူးညံ့ပြီးချစ်စရာကောင်းနေလို့ပါ
မျက်ဝန်းတွေနဲ့အတူလိုက်ပါခံစားချင်လို့ပါ
ပျော်ရွှင်မှု..ကြည်နူးမှု...အားလုံးကိုပေါ့..
မကြည့်နဲ့လို့လည်းမပြောပါနဲ့
တွေ့တဲ့အချိန်တိုင်းမှာကြည့်မှာပဲ....
ချစ်လားလို့လည်းမမေးပါနဲ့
နင်ချစ်ချစ်မချစ်ချစ်ငါက
နင့်ကိုသိပ်ချစ်နေလို့ပါ...
နောက်တစ်ခါတွေ့ရင်နင့်မျက်ဝန်းထဲမှာ
ငါရှာဖွေနေတဲ့အရာတစ်ခုကို...တွေ့ချင်တယ်...
မျှော်လင့်ချင်တယ်...

အဝေးကချစ်သူအတွက် ( အလွမ်း ကဗျာ )

တောင်စဉ်တွေ အထပ်ထပ်
မြူခိုးငွေ့တဝေေ၀နဲ့
အလွမ်းမိုင်တိုင်တွေကြားမှာ
တနယ်စီဝေးနေရတယ် - - - - - - - -လွမ်းရတယ်
အတူပျော်ဖူးတဲ့ ရက်တွေကိုလည်း
သတိရတယ် မ--------ရယ်---------------။
ပြန်မဆုံနိုင်သေးတဲ့ အချိန်တွေမှာ
ကျွန်တော်အတွက် မ--------နဲ့ပတ်သက်တဲ့ အရာတွေတိုင်းဟာ
လွမ်းစရာတွေချည့်ပါပဲလေ------------------------------------------------------------->

Wednesday, July 23, 2008

သူငယ်ချင်းအတွက်

လမ်းထိပ်က အောင်နက်တို့ မိကျားတို့ အုပ်စုရဲ့ ဟောင်သံကိုကြားလိုက်ရကတည်းက သူမူးပြီးပြန်လာပြီဟု အတတ်သိလိုက်သည်၊ ကြားလိုက်ရသော နောက်ဆက်တွဲ အသံများက ထင်မြင်ချက်ကို ပိုမိုခိုင်မာသွားစေသည်။သိုင်းကွက်နင်းလာသော သူမ၏ခြေလှမ်းများမှာ အိမ်အ၀င်လမ်းမတွင်ခင်းထားသော အုတ်ခဲကျိုးလေးပေါ်တက်နင်းမိရင်းလဲပြိုသွားလေသည်။
သူစားဖို့အတွက် ထမင်းပွဲပြင်နေစဉ် သူမကတော့ သမီးလေးနှင့်ဆော့နေလေသည်။သူမ မူးလာလျင် ကျွှန်တော့်ကိုသာရန်လုပ်သည်၊သူမ သမီးနှင့်သားကိုတော့ အလွန်ချစ်ရှာလေသည်။သူမမှာပြောစရာဆို၍ အရက်ကိုနှစ်ချိုက်ခုံမင်စွာသောက်ခြင်းသာရှိသည်။ထမင်းပွဲပြင်ရင်း သူမနှင့်ညားကာစရက်တွေကို လွမ်းဆွတ်မိလေသည်။ထိုစဉ်က အရက်သောက်တတ်မှန်းသိသော်လည်း မူးလာရင်သွေးဆိုးမှန်းမသိသေးပေ။နောက်တော့လည်း .......
သမီးကို စနေရင်းမှ ယိုင်ထိုး ယိုင်ထိုး နှင့်ထလာကာ ထမင်းပွဲကိုကြည့်ရင်း .............
ကျွှန်တော့်ရဲ့ သီးခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားလေပြီ။
သားနှင့်သမီး အတွက် လိုအပ်တာတွေထည့်ကာအိမ်ပေါ်မှဆင်းလာသည့်အချိန်က ည ၁၂း၀၀ နာရီကျော်နေပြီ၊
သူမကို ကြည့်လိုက်တော တခူးခူးနှင့်အိပ်ပျော်နေလေပြီ။
x x x x
အော် အမေတို့ကိုစိတ်ညစ်အောင်လုပ်မိပြန်ပြီ။
အိပ်ယာပေါ်မှာလှဲနေပေမဲ့ သူမအကြောင်းပဲစဉ်းစားနေမိသည်။သမီလေးကတော့ ဘေးမှာနှစ်ချိုက်စွာအိပ်မောကျနေလေရဲ့။သူမအကြောင်းစဉ်းစားရင်း မိုးလင်းခါနီး မှအိပ်ပျော်သွားသည်။
x x x x x x x x x
အိပ်ရာမှ နိုးလာတော့ အတော်ပင်နေမြင့်နေလေပြီ။သမီးလေးက အခန်းထဲဝင်လာပြီး
ကမန်းကတန်းအောက်ကိုဆင်းကြည့်တော့ ဧည့်ခန်းထဲမှာ အမေနှင့်အတူ မျက်နှာငယ်လေးနှင့် ထိုင်နေသော သူမကိုတွေ့လိုက်ရသည်။
ကလေးတယောက်လိုပျော်မြူးနေသော သူမကိုကြည့်ကာ......
အော် ခုတော့လည်းသူမဟုတ်သလိုပါပဲလား.........
ဒီလိုပါပဲ ဘ၀ဆိုတာ တခါတလေတော့လဲ ပျော်ရွှင်ရတာရှိသလို ၀မ်းနည်းစရာ၊စိတ်ညစ်စရာတွေကိုလဲ လက်ခံနိုင်ရမှာပေါ့၊ဒါမှ ဘ၀ ဆိုတာပီသတော့မှာပေါ့....................
ကျွှန်တော်ခွင့်လွှတ်လိုက်ပါတယ်.....သူမကို...................................................
ကျွှန်တော် ပြန်လိုက်သွားလိုက်ဦးမယ်နော်..... :P

Friday, July 18, 2008

အချစ်ဆိုတာ

တစ်ခုခုကိုမှီတွယ်ပြီးပေါက်ဖွားလာတဲ့အရာဆိုရင်အဲဒါ...အချစ်မဟုတ်ဘူး..အချစ်ဆိုတာမြေမထိ...ပန်းစကြာဝဠာထု၏....နန်းတော်စိတ်ထဲက....တောင်ထွတ်အိမ်မက်တို့ ၏....ပြတင်းပေါက်တိမ်တိုက်တို့ ၏....သက်တန့် ရောင်စုံ။အချစ်ဆိုတာ..ဘာကိုမှမှီတွယ်မထားပါဘူးနှလုံးသားကိုသာမှီတွယ်ပြီး..ကဘာလောကတစ်ခွင်လုံးကိုဖုံးလွှမ်းအုပ်ချုပ်ထားတဲ့ဘ၀တို့ ၏ဧကရာဇ်..သစ်စာတရား၏တမန်တော်..မှီတွယ်ရာနှလုံးသားကိုလှိုက်စားတတ်သည့်နွယ်ပင်တစ်မျိုး.....။

Sunday, July 13, 2008

ရင်ဝှက် ကဗျာ

အဆင်မပြေမှုတွေထမ်းပိုးထားတဲ့ `ဘ၀´
ခဏလေးဆိုပေမယ့် အကြာကြီးပါ
ချစ်တဲ့သူကို
ချစ်တဲ့အကြောင်းဖွင့်မပြောရက်တဲ့ `ဘ၀´
မိုးစက်နဲ့ ရွက်ကြွေတွေကလွဲရင်
ရင်နာတာဘယ်သူသိမှာလဲ?
ပန်းသီးတစ်လုံးထက်
လက်တွေဆုံဖြစ်ခဲ့ပြီးမှ
ပြန်လည်ရုပ်သိမ်းခဲ့ပြီးတဲ့နောက်
ဟန်ဆောင်ခတ်ထားခဲ့တဲ့
အမုန်းတံတိုင်းရဲ့
နောက်ကွယ်မှာ
နင်ပစ်ချသွားခဲ့တဲ့
နာကြည်းမှုတွေရဲ့အောက်မှာ
ငါ့မျက်ဝန်းဟာလေ
ကွက်ကြားမိုးတွေ ခိုးခိုးရွာတတ်နေပြီ

Saturday, July 12, 2008

တစ်သက်စာ

တစ်ည ကြယ်တွေကိုရေတွက်ရင်း
ထောင့်ငါးရာအတိမှာ
ခြောက်ခြားစရာအသိတစ်ခုဝင်လာတယ်
သူမရှိတော့ဘူးလေ။
ထားသွားတဲ့သူရဲ့
အနားသွားနေချင်မိတယ်
တအားချစ်ခဲ့သူမို့ပါ။
လမ်းကြုံရင်ပြောပေးပါ
အရမ်းပုံချစ်ခဲ့တဲ့သူက
သက်တမ်းကုန်တဲ့အထိသတိရနေပါတယ်လို့။

ပေးဆပ်မှု

မင်းဟာ.....ငါ့ရဲ့ဘ၀ထဲက
ထွက်ခွာသွားပေးမယ်
အိပ်မက်တွေထဲမှာ
ခုထိ........တွေ့နေဆဲပါဘဲ
အတူပျံသန်းရင်
ဘ၀ရဲ့အတောင်တစ်ဖက်
လမ်းတစ်ဝက်မှာကျိုးခဲ့ရပေမယ့်
ငါ့ရဲ့ငှက်ဟာ
မင်းရှိရာအရောက်ပျံသန်းလာမှာပါ
ကောင်မလေးရေ
လောကထဲမှာ ဘာမှမဖြစ်၊ဘာမှမရခဲ့တဲ့ငါ့အတွက်
ပေးဆပ်မှုသက်သက်လေးတော့
ရမယ်ဆိုရင် သေပျော်ပါပြီကွာ.............

Sunday, June 29, 2008

တရေးနိုး ၇င်ခုန်သံ

ရင်ခုန်သံဆိုတာမေ့နေတာကြာပေါ့...သတိလာပေးတဲ့ ကောင်မလေးရေမင်းအရွယ်က ငယ်ပါသေးတယ်ကွာမင်းအတွက် အမှတ်တရပစ်မှတ်တွေကငါ့အတွက် မထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်...စိတ်ကစားတဲ့မင်းအရွယ်နဲ့တည်ငြိမ်စပြုနေတဲ့ ငါ့အရွယ်ကိုနားလည်ပေးလိုက်ပါကွာ...မင်းကထွက်ပေါက်ရှာပေမယ့်အသက်လောက် ချစ်သွားရင်ခက်ကုန်ရချေရဲ့ကွယ်...အရွယ်ရောက်နေပေမယ့်မရင့်ကျက်သေးတဲ့နှလုံးသားကိုမင်းကရိပ်မိနေတော့လဲငါ့အတွက်ကတော့ပြေးသာပြေးရ ခြေလှမ်းကမသွက်မေးသာမေးရ ရည်မှန်းတာကအခက်ပေါ့ကွာ...အင်း...နောက်ဆုံးတော့လည်းမာယာကျော့ကွင်းကျေနပ်စွာ လဲပြိုကျခဲ့ရပေါ့...အံကြိတ်ပြီး မာန်တင်းခဲ့တာသာအဖတ်တင်ခဲ့ရပေါ့မျက်မြင်မတွေ့လိုက်လို့ တော်သေးတာပေါ့လေ..... :)

သို့ ...ချစ်သူ

ချစ်သူ.....
စေလိုရာစေ
သွားလိုရာသွားမဟုတ်ခဲ့ပေမယ့်
တူညီရာလမ်းတွေကို မင်းနဲ့ငါ လျောက်ခဲ့ဖူးတယ်နော်.....
ချစ်သူ.....
မျက်စောင်းတစ်ဇက် ရှိုက်သံတစ်ချက်
ကွယ်ပါးသွားပေမယ့်
ဝေးကွာခြင်းဆိုတာလဲ
တန်ဖိုးထားစရာဖြစ်လာခဲ့တယ်နော်.....
ချစ်သူ....
မိုးလုံလေလုံ သိမ်းထားတဲ့
ငါ့နှလုံးသားထဲက မင်းနာမည်ကလေ
အခုတော့ နှင်းကျလို့ စိုကုန်ပြီ.....

Thursday, June 26, 2008

ကျောင်းတော်က သူငယ်ချင်းအတွက်

လွမ်းတယ်ကောင်မလေးရယ်. .ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်နင်ရဲ့စိတ်ကို တံခါးလှမ်းလှမ်းခေါက်မိတယ်. .ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့ဒါပေမယ့် ကျောင်းတော်ကဖြင့်အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .ချစ်ခြင်းတရားဟာငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူးဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်းမထူးတော့ပါဘူး . . .အစကတည်းက သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ......တာရာမင်းဝေ

Tuesday, June 24, 2008

အိမ်လွမ်းသူ

လောကဓံတရား အချိုးအကွေ့ကြုံတွေ့သမျှတိတိကျကျ လွဲချော်အနာဂတ်ကို မမျှော်ချင်တဲ့အခါအရာရာကိုမငြူ စူအပူမှန်သမျှ ချုပ်ညှိမ်းပေးငြိမ်းအေးတဲ့ရင် ခွင်သား........ပြန်လာချင်တယ် အမေ။ ။

မိုးပြားေ၇ာင်ကောင်မလေးသို့

လွမ်းတယ်ကောင်မလေးရယ်.........ဘယ်ကဗျာတွေဆီရောက်ရောက်နင့်ရဲ့စိတ်တံခါးကို လှမ်းလှမ်းခေါက်မိတယ်။ချစ်တဲ့သူတွေပေါတဲ့ နင့်ရင်ခွင် အခန်းမှာနောက်ဆုံးအတန်းက ငါ့နေရာမဟုတ်လား...ထားလိုက်ပါလေ။ ။ငါ့အတွက်ချစ်ခြင်းတရားကိုကတချို့ခေါင်းလောင်းကြိုးတွေလိုပါပဲဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာဘူးလေ။ ။မြူနှင်းတွေဝေတုန်းကတော့ငါ့ရဲ့ ရွာလေးဟာ ကမ္ဘာဖြစ်ခဲ့ပါရဲ့....ငါ့ရဲ့ ရွာလေးဟာ ကမ္ဘာဖြစ်ခဲ့ပါရဲ့....ခုတော့သူငယ်ချင်းကို ဆွတ်ခူးလိုခြင်း ခေါင်းစဉ်အောက်မှာငါ့ရဲ့ကျရှုံးခန်းရောက်မဲ့နေ့ကိုစောင့်နေမိတယ်။ဘာပဲဖြစ်ဖြစ်ပေါ့....ကောင်းကင်မှာ ကြယ်တွေပွင့်ဝေကြသလိုပင်လယ်မှာလည်း ဗေဒါတွေမျောလိုရာကိုမျောရင်းဆက်ပွင့်ကြအုံးမှာပါ။ ။

Monday, June 16, 2008