dancing baby,  Image Hosting

Sunday, June 29, 2008

သို့ ...ချစ်သူ

ချစ်သူ.....
စေလိုရာစေ
သွားလိုရာသွားမဟုတ်ခဲ့ပေမယ့်
တူညီရာလမ်းတွေကို မင်းနဲ့ငါ လျောက်ခဲ့ဖူးတယ်နော်.....
ချစ်သူ.....
မျက်စောင်းတစ်ဇက် ရှိုက်သံတစ်ချက်
ကွယ်ပါးသွားပေမယ့်
ဝေးကွာခြင်းဆိုတာလဲ
တန်ဖိုးထားစရာဖြစ်လာခဲ့တယ်နော်.....
ချစ်သူ....
မိုးလုံလေလုံ သိမ်းထားတဲ့
ငါ့နှလုံးသားထဲက မင်းနာမည်ကလေ
အခုတော့ နှင်းကျလို့ စိုကုန်ပြီ.....

No comments: