dancing baby,  Image Hosting

Sunday, June 29, 2008

တရေးနိုး ၇င်ခုန်သံ

ရင်ခုန်သံဆိုတာမေ့နေတာကြာပေါ့...သတိလာပေးတဲ့ ကောင်မလေးရေမင်းအရွယ်က ငယ်ပါသေးတယ်ကွာမင်းအတွက် အမှတ်တရပစ်မှတ်တွေကငါ့အတွက် မထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်...စိတ်ကစားတဲ့မင်းအရွယ်နဲ့တည်ငြိမ်စပြုနေတဲ့ ငါ့အရွယ်ကိုနားလည်ပေးလိုက်ပါကွာ...မင်းကထွက်ပေါက်ရှာပေမယ့်အသက်လောက် ချစ်သွားရင်ခက်ကုန်ရချေရဲ့ကွယ်...အရွယ်ရောက်နေပေမယ့်မရင့်ကျက်သေးတဲ့နှလုံးသားကိုမင်းကရိပ်မိနေတော့လဲငါ့အတွက်ကတော့ပြေးသာပြေးရ ခြေလှမ်းကမသွက်မေးသာမေးရ ရည်မှန်းတာကအခက်ပေါ့ကွာ...အင်း...နောက်ဆုံးတော့လည်းမာယာကျော့ကွင်းကျေနပ်စွာ လဲပြိုကျခဲ့ရပေါ့...အံကြိတ်ပြီး မာန်တင်းခဲ့တာသာအဖတ်တင်ခဲ့ရပေါ့မျက်မြင်မတွေ့လိုက်လို့ တော်သေးတာပေါ့လေ..... :)

သို့ ...ချစ်သူ

ချစ်သူ.....
စေလိုရာစေ
သွားလိုရာသွားမဟုတ်ခဲ့ပေမယ့်
တူညီရာလမ်းတွေကို မင်းနဲ့ငါ လျောက်ခဲ့ဖူးတယ်နော်.....
ချစ်သူ.....
မျက်စောင်းတစ်ဇက် ရှိုက်သံတစ်ချက်
ကွယ်ပါးသွားပေမယ့်
ဝေးကွာခြင်းဆိုတာလဲ
တန်ဖိုးထားစရာဖြစ်လာခဲ့တယ်နော်.....
ချစ်သူ....
မိုးလုံလေလုံ သိမ်းထားတဲ့
ငါ့နှလုံးသားထဲက မင်းနာမည်ကလေ
အခုတော့ နှင်းကျလို့ စိုကုန်ပြီ.....

Thursday, June 26, 2008

ကျောင်းတော်က သူငယ်ချင်းအတွက်

လွမ်းတယ်ကောင်မလေးရယ်. .ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်နင်ရဲ့စိတ်ကို တံခါးလှမ်းလှမ်းခေါက်မိတယ်. .ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့ဒါပေမယ့် ကျောင်းတော်ကဖြင့်အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .ချစ်ခြင်းတရားဟာငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူးဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်းမထူးတော့ပါဘူး . . .အစကတည်းက သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ......တာရာမင်းဝေ

Tuesday, June 24, 2008

အိမ်လွမ်းသူ

လောကဓံတရား အချိုးအကွေ့ကြုံတွေ့သမျှတိတိကျကျ လွဲချော်အနာဂတ်ကို မမျှော်ချင်တဲ့အခါအရာရာကိုမငြူ စူအပူမှန်သမျှ ချုပ်ညှိမ်းပေးငြိမ်းအေးတဲ့ရင် ခွင်သား........ပြန်လာချင်တယ် အမေ။ ။

မိုးပြားေ၇ာင်ကောင်မလေးသို့

လွမ်းတယ်ကောင်မလေးရယ်.........ဘယ်ကဗျာတွေဆီရောက်ရောက်နင့်ရဲ့စိတ်တံခါးကို လှမ်းလှမ်းခေါက်မိတယ်။ချစ်တဲ့သူတွေပေါတဲ့ နင့်ရင်ခွင် အခန်းမှာနောက်ဆုံးအတန်းက ငါ့နေရာမဟုတ်လား...ထားလိုက်ပါလေ။ ။ငါ့အတွက်ချစ်ခြင်းတရားကိုကတချို့ခေါင်းလောင်းကြိုးတွေလိုပါပဲဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာဘူးလေ။ ။မြူနှင်းတွေဝေတုန်းကတော့ငါ့ရဲ့ ရွာလေးဟာ ကမ္ဘာဖြစ်ခဲ့ပါရဲ့....ငါ့ရဲ့ ရွာလေးဟာ ကမ္ဘာဖြစ်ခဲ့ပါရဲ့....ခုတော့သူငယ်ချင်းကို ဆွတ်ခူးလိုခြင်း ခေါင်းစဉ်အောက်မှာငါ့ရဲ့ကျရှုံးခန်းရောက်မဲ့နေ့ကိုစောင့်နေမိတယ်။ဘာပဲဖြစ်ဖြစ်ပေါ့....ကောင်းကင်မှာ ကြယ်တွေပွင့်ဝေကြသလိုပင်လယ်မှာလည်း ဗေဒါတွေမျောလိုရာကိုမျောရင်းဆက်ပွင့်ကြအုံးမှာပါ။ ။

Monday, June 16, 2008